April 27, 2024

၃၁. ၅. ၂၀၂၃
Written by Pan Ei

အကယ်ဒမီဆုပေးပွဲသမိုင်းတစ်လျှောက် ဆန်ခါတင်စာရင်းအဝင်ဆုံး သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ မင်းသားကြီး Al Pacino ဟာ အသက် ၂၉ နှစ်အရွယ် ချစ်သူ Noor Alfallah နဲ့ ရင်သွေးလေးရရှိတော့မယ်ဆိုတဲ့အကြောင်းကို အင်္ဂါနေ့ (မေလ ၃၀ ရက်) က အမေရိကန်ဖျော်ဖြေရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး De Niro ဟာ သတ္တမမြောက်ရင်သွေးကို ရတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အင်တာဗျူးထွက်ဖော်ခဲ့ပြီးနောက် ရက်သတ္တပတ်တွေအကြာမှာ အသက် ၈၂ အရွယ် Al Pacino ရဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Noor Alfallah ဟာ လက်ရှိမှာ ကိုယ်ဝန်ရှစ်လရှိပြီး Al Pacino နဲ့ ၂၀၂၂ ခုနှစ် ဧပြီလကတည်းက တွဲခဲ့ကြတာလို့ သိရပါတယ်။ သူမဟာ အဆိုတော် Mick Jagger နဲ့ ဘီလီယံနာသူဌေး Nicolas Berggruen တို့နဲ့လည်း အရင်က ချိန်းတွေ့ခဲ့ဖူးပါတယ်။

Al Pacino ဟာ လက်ရှိမှာ ကလေး သုံးယောက်ဖခင်ဖြစ်ပြီး သူ့ရဲ့ သားသမီး သုံးဦးမှာ ချစ်သူဟောင်း Jan Tarrant နဲ့ရရှိခဲ့တဲ့ သမီးဖြစ်သူ Julie Marie က အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး Beverly D’Angelo နဲ့ရရှိခဲ့တဲ့ အသက် ၂၂ အမြွာလေးတွေက Anton နှင့် Olivia တို့ပါ။

Al Pacino ဟာ ဆယ်စုနှစ်ငါးဆယ်ကျော်ကြာ ရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက Scent of a Woman ဇာတ်ကားမှာ Al Pacino ဟာ မျက်မမြင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး အော်စကာဆုကို ရရှိခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *