March 29, 2024

ဓာတ်ပုံ - ရှင်သန်ရေးလူမှုကူညီရေးအသင်း

၃၁. ၅ .၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် မဟာဗန္ဓုလတံတားအဆင်းတွင် ယာဉ် ၃ စီးဆင့်တိုက်ရာမှ လူ သုံးဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ယမန်နေ့ မေ ၃၀ ည ၉ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ Suzuki Wagon အမဲရောင်ယာဥ်သည် မဟာဗန္ဓုလ တံတားပေါ်အတက်တွင် အရှိန်ဖြင့်ကွေ့တက်ရာမှ လမ်းကြောပြောင်းပြီး တည့်တည့်ဖြတ်လာသည့် တက္ကစီကို တိုက်မိရာ ထိုတက္ကစီမှ လည်ထွက်ကာ Honda Fit ယာဥ်အား ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်ကူညီမှုလုပ်ငန်းစဥ်များဆောင်ရွက်ခဲ့သူ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက “စ တိုက်တဲ့ ဆူဇူကီးပေါ်က လူနာကတော့ ဒဏ်ရာများပေမယ့် စိုးရိမ်ရတဲ့ အဆင့်မဟုတ်ပါဘူး။ တက္ကစီပေါ်ကလည်း လူနာ နှစ်ယောက်ထွက်တော့ စုစုပေါင်း သုံးဦး ထိတာပေါ့ ” ဟု MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဖြစ်စဥ်ပါ လူနာသုံးဦးကို သစ္စာမဏ္ဍိုင်ပရဟိတအသင်းမှ လူနာတင်ယာဉ် (၁)စီးဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *