April 26, 2024

ထိုင်းကြားဖြတ် အစိုးရ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနု ခရီ-နမ် အား တွေ့ရစဉ်။

၃၁. ၅. ၂၀၂၃
Translated by Htwe Ko Tun

ယခုကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်ကြားမှုများတွင် ပါဝင်သော အသေးစိတ်အချက်အလက်များက Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်တစ်ဦးဖြစ်လာရန် အရည်အသွေးပြည့်မီမှုရှိမရှိနှင့် မေလ ၁၄ ရက်ကကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း ပြုမပြုတို့ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းကြားဖြတ် အစိုးရ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနု ခရီ-နမ် က မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိကြားဖြတ်အစိုးရ၏ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်သည့် မစ္စတာ ဝစ်ဆာနုက မေလ ၃၁ ရက်တွင် အစိုးရရုံး၌ပြောခဲ့ရာ၌ မစ္စတာပီတာက iTV Media လုပ်ငန်းစုတွင် ရှယ်ယာများပိုင်ဆိုင်ခဲ့ခြင်းကို ဖော်ပြတိုင်ကြားလာမှုအသေးစိတ်က အဓိကကျသော အချက်တစ်ရပ်ဖြစ်နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အကယ်၍တိုင်ကြားချက်တစ်ခုက မစ္စတာပီတာအနေဖြင့် အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရမှုကို အရည်အချင်းမပြည့်မီဟု ပစ်မှတ်ထားတိုင်ကြားလာပါကလည်း ၎င်းအနေဖြင့် ဝန်ကြီးချုပ်အနေဖြင့်မူ ဆက်လက်ရှိနေနိုင်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးက အောက်လွှတ်တော်အမတ်ဖြစ်ရန်မလို၍ဖြစ်ကြောင်း ဝစ်ဆာနု ကပြောခဲ့သည်။

ထို့အတူ ၎င်းက အကယ်၍ တိုင်ကြားချက်တစ်ခုက မစ္စတာပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရန်အရည်အချင်းများပြည့်မီမှု ရှိမရှိကို ပစ်မှတ်ထားတိုင်ကြားလာပါက ၎င်းအနေဖြင့် အောက်လွှတ်တော်အမတ်တစ်ဦး အဖြစ်မူ ဆက်ရှိနေနိုင်မည်ဖြစ်ကြောင်း၊ တိုင်ကြားချက်တစ်ခုက နှစ်ခုစလုံးကို ပစ်မှတ်ထားတိုင်ကြား လာပါက တရားရုံးက နှစ်ခုစလုံးအတွက် ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောခဲ့သည်။

တိုင်ကြားချက်တစ်ခုက MFP ပါတီ၏ အဖွဲ့ဝင်များအဖြစ် အတည်ပြုခဲ့မှုကို မေးခွန်းထုတ်မှုများလည်း ပြုလာနိုင်ကြောင်း၊ ယခုကိစ္စတွင် နိုင်ငံတစ်ဝန်း အထွေထွေ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရမည်ကဲ့သို့ ဖြစ်နေ‌ကြောင်းလည်း ဝစ်ဆာနုက ပြောခဲ့သည်။

ထို့ပြင် ၎င်းက တိုင်ကြားချက်တစ်ခုအနေဖြင့် မည်သို့ရေးသားသင့်ကြောင်း ၎င်းအနေဖြင့်အကြံပြုမည် မဟုတ်ကြောင်း၊ ထိုအချက်က တိုင်ကြားသူအ‌ပေါ်တွင်သာ မူတည်ကြောင်း၊ ဖွဲ့စည်းပုံခုံရုံးကတိုင်ကြားချက် တစ်ခုအတွင်း အခြေခံအကြောင်းအရာတစ်ရပ်ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာအဖွဲ့အစည်းတစ်ခုတွင် အစုရှယ်ယာပိုင်ဆိုင်ထားသူများအား အထွေအထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကိုတားမြစ်ထားသည်။ မစ္စတာပီတာက iTV Media လုပ်ငန်းတွင် အစုရှယ်ယာများပိုင်ဆိုင်ခဲ့ဖူးရာ ၎င်းအချက်က မစ္စတာပီတာ၏ အရည်အချင်းများ အပေါ် စိန်ခေါ်မှုပြုနေသည်။ iTV Media က ယခုအခါတွင်မူ Thai PBS သို့ ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားလာချက်များက မစ္စတာပီတာ၏ အောက်လွှတ်တော်အမတ် အရည်အသွေး၊ မေလ ၁၄ ရက် ရွေးကောက်ပွဲအတွက် MFP ပါတီ အမတ်လောင်းများအား ၎င်းက အတည်ပြုခဲ့မှုနှင့် ၎င်းကဖွဲ့စည်းမည့် အစိုးရအဖွဲ့တို့က သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိမရှိ ပစ်မှတ်ထား တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *