April 25, 2024

၃၁. ၅. ၂၀၂၃
Written By Thandar

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် Transgender အလှမယ်ပြိုင်ပွဲ Miss Equality World 2023 မှာ ပါဝင်ယှဥ်ပြိုင်လိုတဲ့ မြန်မာ လိင်ပြောင်းအမျိုးသမီးတွေကို ဖိတ်ခေါ်လျက်ရှိတယ်လို့ Missosology Myanmar ကိုပြည့်ဖြိုးထက်က MT News ကိုပြောပါတယ်။

“ ဒီပွဲကတော့ မနှစ်က စကျင်းပတဲ့ ပြိုင်ပွဲပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ပြိုင်ရမှာကို Local မှာတော့ ပွဲမလုပ်ပါဘူး။ ပြိုင်ချင်သူတွေရှိရင်တော့ ကျွန်တော်တို့က စေလွှတ်ပေးမှာပါ။ ခေတ်ကာလကြောင့် ပြည်တွင်းမှာတော့ ပြိုင်ပွဲ မလုပ်တော့ပါဘူး။ ဒီပြိုင်မှာပွဲ မြန်မာနိုင်ငံကိုယ်စားပြု Transgender အလှမယ် ၂ ယောက်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ၇ လပိုင်းအကုန်ကို ကျွန်တော်တို့ဆီ ဖောင်တင်ရမှာဖြစ်ပါတယ်”လို့ Missosology Myanmar က ကိုပြည့်ဖြိုးထက်က MT News ကို ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံကိုယ်စားပြုအလှမယ် ၂ ဦး ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ပထမအကြိမ်မှာတော့ Miss Equality World Myanmar 2022 အဖြစ် ” Kristie Walt ” က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ 4th Runner up နဲ့ Best in Catwalk ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၄၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်ကြမယ်လို့ သိရပါတယ်။

“လိင်ပြောင်းထားတဲ့ အလှမယ် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမယ်။ မြန်မာနိုင်ငံသားဖြစ်ရမယ်။ Beauty Queen တော့ ရှိရပါမယ်။ အချိန်တိုအတွင်းမှာ သင်ကြားပေးပြီးတော့ ပြည်ပကို စေလွှတ်မှာပါ။ မြန်မာပြည်မှာက Transgender ပွဲက မရှိဘူးလေ။ နိုင်ငံခြားက အခုလို Transgender ပြိုင်ပွဲဝင်ပြိုင်သူကလည်း နည်းတယ်။ Transgender လောကမှာလည်း မြန်မာပြည်က Transgender အလှမယ်တွေ ဝင်ပါစေချင်ပါတယ်။ အာဆီယံနိုင်ငံ အသီးသီးက အလှမယ်တွေအချင်းချင်း ကိုယ့်နိုင်ငံအကြောင်းကို မိတ်ဆက်ဖလှယ်ခွင့်ရမှာမို့ ပြိုင်ပွဲ ဝင်ဖို့ ပါဝင်စေချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Miss Equality World Beauty Pageant က Love, Humanity, Equality, Beautiful, Powerful ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ တည်ထောင်ခဲ့တဲ့တာကြောင့် Advocacy Project တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်လျက် ရှိနေတာဖြစ်လို့ Transgender အမျိုးသမီးတွေအတွက် အခွင့်အရေးတစ်ခုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

အဆိုပါ ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်လိုသူ လိင်ပြောင်းအလှမယ်တွေဟာ Missosology Myanmar Page Chatbox နဲ့ 09978836059 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *