April 25, 2024

၃၁. ၅. ၂၀၂၃
Written by Naing Thuta

လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင် ၂ ပင် လူနေအိမ်တစ်လုံးပေါ်သို့ လဲကျသွားပြီး အမျိုးသမီးငယ် ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦးထိခိုက်ဒဏ်ရာရရှိမှု ချောက်မြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ဇောတိကရပ်တွင် မေလ ၃၀ ရက်နေ့ (ယမန်နေ့) ညနေ ၄ နာရီခန့်က လေပြင်းတိုက်ခတ်သွားပြီး ၎င်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင် ၂ ပင် ပြိုလဲကျကာ လူနေအိမ် ၁ လုံးပေါ် သို့ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးသည် ဦးခေါင်းကိုထိခိုက်၍ သေဆုံးခဲ့ပြီး အမျိုသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းဒဏ်ရာရရှိခဲ့သူများအား ဒေသခံလူမှုကူညီရေးမော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး ဝါးထရံကာလူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုကာလတန်ဖိုး ကျပ် ၁၂ သိန်းခန့်ဖြစ်ပြီး လမ်းပိတ်ဆို့မှုနှင့် ပြိုကျပျက်စီးမှုများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့ခံများက ပူးပေါင်းကာ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *