၃၁. ၅. ၂၀၂၃
Translated by Htwe Ko Tun

မြောက်ကိုရီးယားအစိုးရက မေလ ၃၁ ရက်တွင်ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးထောက်လှမ်းရေးဂြိုလ်တုမှာ ပစ်လွှတ်သည့်ဒုံးပျံ၏ ထိုးဖောက် တက်ရောက်နိုင်မှုအား ဆုံးရှုံးသည့်မတော်တဆမှုတစ်ခုကြောင့် ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရက အမေရိကန်၏စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန် ဇွန်လ ၁၁ ရက် နောက်ဆုံးထား၍ ဂြိုလ်တုတစ်လုံးပစ်လွှတ်ရန်စီစဉ်ထားကြောင်း အစောပိုင်းကပြောခဲ့သည်။ ယခုအခါတွင်မူ ၎င်းက ဒုတိယဂြိုလ်တုတစ်လုံး ထပ်မံပစ်လွှတ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များက မြောက်ကိုရီးယားအနေဖြင့် တိုက်ချင်းပစ်ဒုံးပျံ နည်းပညာများကိုအသုံးမပြုရန် တားမြစ်ထားရာ ဤကဲ့သို့ မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုလ်တုပစ်လွှတ်မှုကို အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံအစိုးရများက ရှုတ်ချခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အသစ်ထပ်မံတိုးတက်ထုတ်လုပ်ထားသည့် Chollima-1 ဒုံးပျံက Malligyong-1 ထောက်လှမ်းရေး ဂြိုဟ်တုကိုတင်ဆောင်လျက် နိုင်ငံအနောက်မြောက်ဘက်ရှိ ဆိုဟေး ဒုံးပျံပစ်လွှတ်စင်မှ မေလ ၃၁ ရက် နံနက် ၆ နာရီ ၃၇ မိနစ်တွင် ပစ်လွှတ်ခဲ့စဉ် ကိုရီးယားကျွန်းဆွယ်အနောက်ဘက်ကမ်းရိုးတန်း ပင်လယ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံသတင်းဌာနဖြစ်သော Korean Central News Agency က ထုတ်ပြန်ခဲ့သည်။

Ref—- AP

Leave a Reply

Your email address will not be published. Required fields are marked *