Photo - MFSD

၃၁. ၅. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြိုကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်းအတွင်းရှိ ငါးသယ်လှေအတွင်း ၁၈ ပေခန့်အနက်ရှိသော ဒီဇယ်ကန်ဆင်းဆေးရာမှ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုတစ်ခု ယနေ့ မေလ ၃၁ ရက် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်ကို မြေပြင်သွားရောက်ကူညီမှုပေးခဲ့သည့် ကနောင်နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ရှာဖွေ ကယ်ဆယ်ရေးလုပ်ပေးတာကတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ လုပ်ပေးတာပါ။ ကျွန်တော်တို့အဖွဲ့က အပေါ်ကိုရောက်လာတဲ့ ရုပ်အလောင်းကို သေချာထုပ်ပိုးသယ်ဆောင်ပြီး အင်းစိန်ဆေးရုံရင်ခွဲရုံကို ပို့ပေးခဲ့တာပါ။ ဒီဇယ်ကန်လည်းဖြစ်ပြန် နောက်ပြီး ဆီကျန်တွေလည်းရှိနေတယ်။ အလုံပိတ်ကန်လည်းဖြစ်နေတော့ ဒီလိုအခြေအနေမျိုးကို အကြံပြုချင်တာကတော့ ကန်ကို ကြာကြာဖွင့်ထားတာမျိုး လုပ်သင့်တယ်။ နောက်တစ်ခုက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆင်းဆယ်တာမျိုး မဟုတ်ဘဲ နားလည်တတ်ကျွမ်းတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အကူအညီကို ရယူသင့်တယ်“ ဟု MT News သို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးနေသူ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းအား ၁၀ နာရီ ၅၁ မိနစ်အချိန်တွင် ကနောင်လူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *