April 19, 2024

MT News

Written by Pan Ei

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ၇၆ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အမျိုးသမီးအဆိုတော်အဖွဲ့​ဖြစ်တဲ့ Aespa က မေလ ၂၄ ရက်မှာ တက်ရောက်ခဲ့ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ပထဆုံးတက်ရောက်ခွင့်ရတဲ့ ပထမဆုံး K-pop အဖွဲ့ ဖြစ်လာခဲ့ပါတယ်။

Aespa အဖွဲ့ဟာ ဆွစ်ဇာလန်အခြေစိုက် ကျောက်မျက်ရတနာအမှတ်တံဆိပ်ဖြစ်တဲ့ Chopard ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေဖြစ်တဲ့ Karina၊ Winter၊ Giselle နဲ့ Ningning တို့ဟာ ခမ်းနားထည်ဝါတဲ့ ၀တ်စုံတွေ၊ လက်ဝတ်ရတနာတွေနဲ့အတူ လူအများရဲ့ အမြင်ကို ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။

Chopard ဟာ ၁၉၉၇ ခုနှစ်ကတည်းက ကိန်းစ်ရုပ်ရှင်ပွဲတော်ကို စပွန်ဆာပေးခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဆိုပါ အမှတ်တံဆိပ်ရဲ့ သံတမန်တွေဟာ လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရလေ့ရှိသလို ဒီနှစ်မှာလည်း ကော်ဇောနီပေါ်က Aespa ရဲ့ ပုံရိပ်တွေက ပရိသတ်တွေရဲ့မျှော်မှန်းချက်ထက်ပိုပြီး ရင်သပ်ရှုမောဖွယ် ဖြစ်နေစေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မေလ ၁၆ ရက်ကနေ ၂၇ ရက်အထိ ကျင်းပနေတာဖြစ်ပြီး နိုင်ငံအသီးသီး နယ်ပယ်အသီးသီးက အနုပညာရှင်တွေစုံလင်စွာ တက်ရောက်ခဲ့ကြသလို Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Rosé က YSL အမှတ်တံဆိပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတံမန်အနေနဲ့တက်ရောက်ခဲ့တဲ့အပြင် Jennie ကလည်း သူမပါဝင်ရိုက်ကူးခဲ့တဲ့ The Idol ရုပ်ရှင်က သရုပ်ဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *