April 26, 2024

MT News

Written By Thandar

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒေသတွေက ပြည်သူတွေကို ထောက်ပံ့လှုဒါန်းဖို့အတွက် နာမည်ကြီးအနုပညာရှင်တွေနဲ့ စေတနာရှင်ပြည်သူတွေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ပါတယ်။

အလှူငွေတွေကို အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် ပြေတီဦးနဲ့ အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်တို့က အလှူငွေ ကျပ်သိန်း ၂၀၊ အကယ်ဒမီ ရွှေထူးနဲ့ ‌အကယ်ဒမီ ရွှေမှုံရတီတို့က ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် စံရတီမိုးမြင့်က ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ခွန်းဆက်ဟန်က ကျပ် ၁၅၀၀၀၀ ၊ ဒီဇိုင်နာ တင့်ရည်မွန်က ကျပ် ၅သိန်း၊ သရုပ်ဆောင် ဂွမ်းပုံကြီးက ကျပ် ၅၀၀၀၀ နဲ့ အဆိုတော် လီလီနိုင်‌ကျော်က အဝတ်အထည် တွေ စသလို ပါဝင်လှူဒါန်းနေလျှက်ရှိပါတယ်။

ထပ်မံ ပါဝင်လှူဒါန်းလိုတဲ့ စေတနာရှင်ပြည်သူတွေအနေနဲ့လည်း အလှုငွေ ထည့်ဝင်လှူဒါန်းလိုတယ်ဆို(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)ရဲ့ ဘဏ္ဍာရေးမှူး U Than Htay kpay Acc No 09-428555888 ကနေ ပေးပို့ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *