၂၆. ၅. ၂၀၂၃
Written by Thettant

စိတ်ကျန်းမာရေးချိုတဲ့သူဟုဆိုသည့် မြန်မာနိုင်ငံသားတစ်ဦးသည် မလေးရှားနိုင်ငံရှိ Petronas ဓာတ်ဆီဆိုင်တစ်ခုအတွင်း မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးကာ အဆုံးစီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရသည်။

ဖြစ်စဥ်မှာ မလေးရှားနိုင်ငံရောက်ရှိစဥ် ကွာလာလမ်ပူမြို့၊ ဘလက်ကောင်းမြို့နယ်တွင် နေထိုင်သည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နေ ကိုသန်းနိုင်ထွန်း အသက် (၂၆)နှစ်သည် မေလ ၂၅ ရက် နံနက် ၇ နာရီ ၂၉ မိနစ်ခန့်တွင် ဓာတ်ဆီဆိုင်တစ်ခုအတွင်း ထိုင်နေစဥ် စိတ်ဖောသွပ်ပြီး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးကာ အဆုံးစီရင် သေဆုံးခဲ့သည်ကို CCTV မှတ်တမ်းအရ တွေ့မြင်ခဲ့ရကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရသည်။

လူမှုကွန်ရက်တွင် တွေ့မြင်ရသော CCTV မှတ်တမ်းတွင်လည်း ကိုသန်းနိုင်ထွန်းသည် ဓာတ်ဆီဆိုင်တစ်ခုအတွင်း တစ်ဦးတည်းထိုင်နေရာမှ နံဘေးမှ ကားတစ်စီးအနီး လျှောက်သွားပြီး မိမိကိုယ်ကိုယ်ဓားဖြင့်ထိုးကာ ထိုင်လျက်သားကျသွားရာမှ ခဏအကြာ လဲကျသေဆုံးသွားသည်ကို တွေ့မြင်ရသည်။

ကိုသန်းနိုင်ထွန်း၏ ကျန်ရစ်သောခန္ဓာကိုယ်ကို မေလ ၂၈ ရက် တနင်္ဂနွေနေ့ နံနက် (၁၀) နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရပ်မြို့နယ်၊ ဂျလန်ကွာလီ မီးသင်္ဂြိုလ်စက်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း မိသားစုမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားပါကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က အသိပေးထုတ်ပြန်ထားသည်။

ကိုးကား။ ဓာတ်ပုံ/သတင်း-မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)

Leave a Reply

Your email address will not be published. Required fields are marked *