April 26, 2024

၂၆. ၅. ၂၀၂၃
Written By Thandar

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေရဲ့ ပညာသင်စရိတ်ထောက်ပံ့ပေးဖို့အတွက် အနုပညာလောက ဝိုင်းဝန်းလှူဒါန်းနေလျှက်ရှိပါတယ်။

“နှစ်စဥ်လည်း အစည်းအရုံးအနေနဲ့ ကိုယ့်လောကသားတွေရဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးခဲ့တယ်။ ဒီနှစ်လည်း ပါဝင်လှူဒါန်းကြတဲ့သူတွေများရင်တော့ ကလေးတွေလည်း ပစ္စည်းစုံစုံလင်လင်ရတာပေါ့။ အနုပညာရှင်တွေရဲ့ ကလေးတွေရဲ့ သန်းခေါင်စာရင်း (မိတ္တူ)ရယ်၊ အစည်းအရုံးဝင်ကတ်မိတ္တူ ၊ ကျောင်း ထောက်ခံချက် မူရင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျောင်းအပ်နှံထားတဲ့ ပြေစာ(မိတ္တူ) ပေးရမယ်။ ဒီကလေးတွေကို သေချာ ထောက်ပံ့ပေးမှာပါ။ အားလုံးလည်း ပါဝင်လှူဒါန်းကြပါဦးလို့ ပြောချင်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

အစည်းအရုံးကို ပါဝင်လှူဒါန်းထားတဲ့ သူတွေကတော့ မေခ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးနဲ့ သရုပ်ဆောင် ဒေါင်လွဏ်းက ထီးအလက် ၅၀၊ အကယ်ဒမီ ခန့်စည်သူနဲ့ ဓမ္မမိတ်ဆွေတွေက ကျပ် ၂ သိန်း ၊ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း က ကျပ် ၁ သိန်း ၊ အလှမယ် သင်းသင်းက ကျပ် ၂ သိန်း ၊ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်မိသားစုက ကျပ် ၁ သိန်း ၊ ရွှေကြို လင်းလက်ခွန်ချိုက ကျပ် ၂ သိန်း ၊ ရုပ်ရှင်အစည်းအရုံး နာယကကြီး ဦးအောင်လွင်က ကျပ် ၉ သောင်း၊ ဇာတ်လမ်း ဇာတ်ညွှန်းသာရေး နာရေးအဖွဲ့က ကျပ် ၁ သိန်း၊ Dream Film Production ဒါရိုက်တာ ချိုဝတ်ရည်က ကျပ် ၄သိန်းကျော်၊ အုပ်ချုပ်ဖြန့်ချိပြသအခြေခံအဖွဲ့က ကျပ် ၁ သိန်း ၊ သရုပ်ဆောင် ရိုတက ကျပ် ၃ သောင်း စသဖြင့် ပါဝင်လှူဒါန်းထားကြပါတယ်။

ဒီအလှူငွေတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေအတွက် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးဖို့အတွက်လည်း ဖြစ်ပါတယ်။ လက်ရှိ အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေထဲမှာ ကျောင်းတက်ရောက်သူ ကလေးဦးရေ ၂၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *