April 20, 2024

၂၆. ၅. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသူများအတွက် အရေးပေါ်အကူအညီများပေးနိုင်ရန် လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ်ယူရို ၂ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

မိုခါမုန်တိုင်းကြောင့် အိမ်များ၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရပြီး အစားသောက်၊ ရေနှင့် အမိုးအကာများအပါအဝင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဥရောပသမဂ္ဂက အကူအညီပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းပဋိပက္ခဒဏ် တွေ့ကြုံခံစားခဲ့ရသော ရခိုင်ပြည်နယ်သည် မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးတွေ့ကြုံခံစားခဲ့ရသော နေရာဖြစ်သလို ဘင်္ဂလားဒေရှ့နိုင်ငံ ကော့ဘဇားဒေသသည် မုန်တိုင်းဒဏ်ကိုတွေ့ကြုံခံစားခဲ့ရသော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ လာမည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်လာဖွယ်ရှိနေရာ မုန်တိုင်းဒဏ်တွေ့ကြုံရသောဒေသများတွင် ရေကြီး၊ မြေပြိုမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ၎င်းတို့၏ ကျွမ်းကျင်ပညာရှင်များကို မုန်တိုင်းနှင့်ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုများ အကဲဖြတ်နိုင်ရန်အတွက် စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မရှင်နာ Janez Lenarčič က ” ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရှိ ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရပြီး သက်ရောက်မှုများဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဥရောပသမဂ္ဂဟာ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ မြေပြင်ရှိ မိတ်ဖက်အဖွဲ့စည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသူတွေအတွက် ယူရို ၂ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးသွားမှာပါ။ ထိခိုက်ပျက်စီးမှုတွေ၊ တားဆီးနိုင်ဖို့နဲ့ လူတွေရဲ့အသက်တွေကို ကယ်တင်နိုင်ဖို့ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

Ref——-europa.eu

Leave a Reply

Your email address will not be published. Required fields are marked *