၃၀. ၃. ၂၀၂၃
Written by Nay Aung

အမေရိကန်နိုင်ငံအခြေစိုက် Online Marketplace ကုမ္ပဏီဖြစ်သော Airbnb သည် မြန်မာနိုင်ငံနှင့်ပတ်သက်သော Bookings အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိဟိုတယ်များနှင့် မှတ်ပုံတင်ထားခြင်းမရှိသော Guest Houses များတွင် နိုင်ငံခြားခရီးသွားများအပေါ် နေထိုင်ခွင့်ပေးခြင်းကို တင်းကြပ်သောစည်းကမ်းဥပဒေအသစ်များကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော Bookings အားလုံးကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မှတ်ပုံတင်ထားခြင်းမရှိသော ဟိုတယ်များနှင့် Guest Houses များတွင် ပြည်ပခရီးသွားများနေထိုင်ခြင်းကို ခွင့်မပြုသော ဥပဒေကို စတင်ခဲ့ကြောင်း သိရသည်။ Airbnb သည် Bookings အားလုံးကို ဆိုင်းငံ့ထားမည့်အကြောင်းကို မြန်မာနိုင်ငံရှိရုံးအဖွဲ့ထံ အီးမေးလ်ပို့ကာ အကြောင်းကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဟိုတယ်အားလုံးနှင့် Guest Houses အားလုံးသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေများကြောင့် မှတ်ပုံတင်ရန်လိုအပ်ပြီး နိုင်ငံခြားသားများသည် ၎င်းတို့၏ ပတ်စ်ပို့စ်အသေးစိတ်ကို ဒေသခံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ် ရေးအရာရှိများထံ နေ့စဉ်စာရင်းသွင်းရန်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ်ဥပဒေတွင် ခရီးသွားဗီဇာဖြင့်လာရောက်သော နိုင်ငံခြားသားခရီးသွားများသည် ဟိုတယ် သို့မဟုတ် မှတ်ပုံတင်ထားသော Guest Houses တွင် နေထိုင်ရမည်ဟု သတ်မှတ်ထားသည်။

ဆန်ဖရန်စစ်စကို အခြေစိုက် Airbnb ကုမ္ပဏီက” မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ Bookings အစီအစဉ်အားလုံးကို ဆိုင်းငံ့လိုက်ပါတယ်။ နောက်ထပ် သတိပေးချက်မထုတ်ပြန်ချိန်အထိ ပြည်ပခရီးသွားများကို မြန်မာနိုင်ငံမှာ တည်းခိုဖို့ကြိုတင်မှာထားပေးမှာ မဟုတ်တော့ဘူး။ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ နိုင်ငံခြားသား ခရီးသွားများဟာ ဟိုတယ်နဲ့ မှတ်ပုံတင်ထားတဲ့ တည်းခိုခန်းမှာ ခရီးသွားဗီဇာနဲ့ နေထိုင်ရမှာဖြစ်တယ်။ လိုင်စင်မရှိဘဲ နိုင်ငံခြားသား ဧည့်သည်များကို ငှားရမ်းနေထိုင်ခွင့်ပေးမယ့် တည်းခိုခန်းပိုင်ရှင်တွေဟာ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်။ အမြဲတမ်းနေထိုင်သူများနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ့် ဗီဇာကိုင်ဆောင်ထားသူတွေဟာ မြန်မာနိုင်ငံမှာ အိမ်ယာငှားရမ်းတာ ဒါမှမဟုတ် အဆောက်အဦငှားရမ်းတာမျိုးလုပ်နိုင်တယ်” ဟုဆိုသည်။

Ref ——shorttermrentalz

Leave a Reply

Your email address will not be published. Required fields are marked *

Related News