အလိုအလျောက်ပို့ကုန်လိုင်စင် ထုတ်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို တွေ့ရစဥ်

၃၀. ၃. ၂၀၂၃
Written by Ye Kyaw

အလိုအလျောက် သွင်းကုန်လိုင်စင်စနစ်ကို ကျင့်သုံးနိုင်ရန် လက်ရှိတွင် Country of Origin (CO) အတွက် အခက်အခဲရှိနေသေးသဖြင့် မူဝါဒများချမှတ်ပြီး အမြန်ဆုံးဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

“သွင်းကုန်ကိုတော့ ကျွန်တော်တို့က ပြောရမယ်ဆိုရင် ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Pilot Project ဆိုတာထက် မူဝါဒပိုင်းချမှတ်ဖို့တွေ လိုသေးတာဖြစ်ပါတယ်။ ပို့ကုန်ပိုင်းမှာဆိုရင် CO (Country of Origin) က မြန်မာဖြစ်တဲ့အတွက် ပြဿနာမရှိဘူး။ သွင်းကုန်ပိုင်းမှာဆိုရင် CO ပိုင်းကအစ ကွဲလွဲသွားတာဖြစ်တဲ့အတွက် အဲဒီအပိုင်းတွေက ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အသေးစိတ်မူဝါဒပိုင်းဆိုင်ရာတွေ ချမှတ်ဖို့ လိုအပ်သေးတာဖြစ်တဲ့အတွက် တကယ်လို့ ဆောင် ရွက်မယ်ဆိုရင် အကုန်လုံး မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ချပြပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။

လာမည့် ဧပြီ ၁ ရက်မှစတင်ပြီး ပို့ကုန်အမျိုးအစား ၁၀,၀၀၀ ကျော်ကို အလိုအလျောက်ပို့ကုန်လိုင်စင် ထုတ်ပေးမှုစနစ်ဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုနှစ်ခုလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်အတွက်ကိုမူ ဆောင် ရွက်နိုင်ခြင်းမရှိသေးကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

အလိုအလျောက်လိုင်စင်ထုတ်ပေးခြင်းကို စတင်ကျင့်သုံးမည်ဆိုပါက စနစ်က စစ်ဆေးခြင်းဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့လိုသည့် ကုန်စည်အမျိုးအစားများကို မှားယွင်းဖြည့်သွင်းပါက မိမိတာဝန်သာဖြစ်ကြောင်း၊ သုံးလအတွင်း ငါးကြိမ်မှားယွင်းဖြည့်သွင်းမိပါက ၁၀/၂၀၂၀ အမိန့်ကြေညာစာအရ လုပ်ငန်းဆောင်ရွက်ခြင်းကို ခြောက်လ ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News