MT News

Written by Peya

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသနေရသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဆေးစစ်ချက်ကို မနက်ဖြန် (မတ်လ ၃၀) တွင်မှ သိရမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်များထံက သိရသည်။

ဆရာတော်ကြီးဘုရားကြီးသည် Bangkok ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရကာ မတ်လ ၂၈ ရက်တွင် ဆေးစစ်ထားခြင်းဖြစ်ကြောင်းနှင့် မတ်လ ၃၀ ရက်၌ ဆရာဝန်ကြီးများ အစည်းအဝေးထိုင်ပြီးနောက်မှ ရလဒ်ကို သိရမည်ဖြစ်ကြောင်း MT News သတင်းဌာနက စုံစမ်းသိရှိရသည်။

ဆရာတော်ဘုရားကြီး ကျန်းမာရေးအထူးကောင်းမွန်စေရန်အတွက် မစိုးရိမ်ဆရာတော်ဦးစီး၍ ဆရာတော်ကြီး တက်ရောက်ဆေးဝါးကုသနေရာဆေးရုံတွင်သံဃာတော်များ ပရိတ်မေတ္တာဒေသနာများ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *