MT News

Written By Thandar

ပရိသတ်အားပေးမှုရလာတဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကစအိုပေါက်မပါဘဲ မွေးလာတဲ့သမီးငယ်လေး ခွဲစိတ်ကုသဖို့အတွက် ငွေကျပ် ၁၀ သိန်းကို မတ်လ ၂၈ ရက်က ကလေးမိဘတွေဆီမှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။

“ဒီအလှူလေး လှူဖြစ်သွားတာက ဆောင်းရဲ့ လူမူကွန်ရက် စာမျက်နှာ အကောင့်ထဲက အကိုတစ်ယောက် သွားလှူထားတာလေးကိုတွေ့ပြီး လိုက်စပ်စုကြည့်ရင်း လှူချင်သွားခဲ့တာပါ။ ကလေးလေးက အပြင်မှာတွေ့တော့ ပိုပြီးချစ်ဖို့ကောင်းတယ်။ ကိုယ့်ရဲ့ အလှူလေးကြောင့် သူ့ဘဝလေးတစ်ခု အဆင်ပြေပြေဖြစ်သွားတဲ့အတွက် ကိုယ့်အလှူလေးအပေါ်မှာ ပီတိဖြစ်ရပါတယ်” လို့ ဆောင်းယွန်းစံက ဆိုပါတယ်။

စအို​ပေါက်မပါတဲ့ သမီးငယ်လေးရဲ့ ခွဲစိတ်ကုသမှုတွေ အမြန်ဆုံး အောင်မြင်ပြီး အဆင်ပြေစေဖို့လည်း ဆုတောင်းပါတယ်လို့ ဆိုပါတယ်။ သူမက အလှူအတန်းတွေကို ဝါသနာပါတဲ့အတွက် ပရဟိတနဲ့ ပတ်သက်ရင် ကိုဗစ်ကာလမှာလည်း အောက်ဆီဂျင်အိုးတွေ၊ အရေးပေါ်လူနာတင်ယာဥ်တွေ စတာတွေကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်​ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *