သက်တံ့
၂၉. ၁၀. ၂၀၂၆
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်မှ စတင်၍ တစ်နာရီ ကျပ် ၅၀၀ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သတင်းစာများမှ တင်ဒါခေါ်ယူ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ကောက်ခံမည်ဖြစ်သည်။
ထိုသို့ ကောက်ခံရာတွင် ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ရာဇဓိရာဇ်လမ်းမှ အောင်ရတနာလမ်းကြားအား ဇုန် (၈) ဇုန်ခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ရပ်နားခ (၁) နာရီလျှင် ၅၀၀/- ကျပ်၊ ကျော်လွန်ရပ်နားသည့် မိနစ် (၃၀) အတွင်း ၃၀၀/- ကျပ်နှင့် ကျော်လွန်ရပ်နားသည့် မိနစ် (၆၀) အထိ ၅၀၀/- ကျပ် ကောက်ခံမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
