၂၉.၁၀.၂၀၂၆
Written by Linn Eain
အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် ပါဝင်ရန် မြန်မာတပ်မတော်မှ စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် ရန်ကုန်မြို့မှ အောက်တိုဘာ ၂၇ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အိန္ဒိယနိုင်ငံ၊ Sri Vijaya Puram တွင် ကျင်းပသွားမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ ရေတပ်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ခန်းသည် ပင်လယ်ပြင် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်သည် မိမိတို့ဒေသ၏ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် သာယာဝပြောရေးတို့ကို ချိတ်ဆက်ပေးထားသော ပင်လယ်ပြင်ဖြစ်ပြီး အဆိုပါ BIMSTEC ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် ပါဝင်ရန်အတွက် မြန်မာတပ်မတော်မှ စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှ Sri Vijaya Puram သို့ ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
