၂၁.၁၀.၂၀၂၆
Written By Thandar
၁၉၆၀ ပြည့်နှစ် စာပေဗိမာန်ဆုရ ဆရာကြီးအောင်လင်းရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းမယ့် “အရိုင်းစံပယ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ စွယ်တော်မြတ်စေတီတော်မှာ ကျင်းပခဲ့ပါတယ်။
“အရိုင်းစံပယ်က တစ်ချိန်က ဦးထွန်းဝေနဲ့ အန်တီ ဝါဝါဝင်းရွှေတို့ရိုက်ခဲ့သလို နောက် ဦးကျော်သူ၊ တီမို့မို့မြင့်အောင်နဲ့ တီတင့်တင့်ထွန်းတို့ ရိုက်ခဲ့တယ်။ ကျွန်တော်တို့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အရိုင်းစံပယ် ဇာတ်ကို ပြန်လည်ရိုက်ကူးရတာမို့ ဝေဖန်သံရော၊ ကဲ့ရဲ့သံတွေရော၊ ချီးကျူးသံရော တစ်ပြိုင်တည်း ပြန်ကြားရမယ်လို့လည်း ထင်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားတယ်ဆိုတာထက် သူများဖန်တီးထားတာကို ပြန်ပြီး ပုံဖော်ရတော့ သူများဖန်တီးထားတဲ့ အနုပညာကိုလည်း မပျက်စီးမထိခိုက်အောင်၊ ဒီဘက်ခေတ်လူငယ်တွေနဲ့လည်း ကြည့်ရင်တော့ ပိုကောင်းအောင် သေချာရိုက်ကူးရမှာပါ။ ကျွန်တော်ကိုယ်တိုင်က Challenge ဖြစ်စေတဲ့ ဇာတ်တွေရိုက်ရတာကို ပိုသဘောကျတယ်။ ဒါမှလည်း လွယ်ကူတဲ့ဇာတ်တွေမရိုက်ချင်ဘူး။ ခက်တဲ့အရာတွေ တာဝန်ကြီးတာတွေကို လုပ်ဆောင်ရတာ သဘောကျလို့ ဒီ အရိုင်းစံပယ်ဇာတ်ကို ရိုက်ဖြစ်တာပါ” လို့ ဒါရိုက်တာ ပီပီအဏ်ကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း Aeternum Creative၊ AD နေမင်းတင်၊ ဒါရိုက်တာ ပီပီအဏ်က အသက်သွင်းပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ မင်းဘုန်းမြတ်၊ ဘုန်းရှိန်ခန့်၊ ဟိန်းရတု၊ နန်းစန္ဒာလှထွန်း၊ နော်ဖောအယ်ထား၊ ဆက်ယွန်းတွယ်တာ၊ ရာဇာထွန်း၊ ရွှေပုံ၊ မေမြန်မာ၊ ထူးသာ၊ အကယ်ဒမီ ဝါဝါအောင်၊ အေးသီတာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။
#မင်းဘုန်းမြတ် #ဘုန်းရှိန်ခန့် #ဟိန်းရတု #နန်းစန္ဒာလှထွန်း #နော်ဖောအယ်ထား #MiNPhoneMyat #PhoneSheinKhant #HeinYatu #YazaTun #NanSandarHlaTun #NawPhawEhHtar #ShwePone #MRTV4 #PyonePlay #အရိုင်းစံပယ် #MTEntertainment
