၁၉.၁၀.၂၀၂၆
Written By Thandar
ဖြစ်ရပ်မှန်အခြေခံထားတဲ့ ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကိုအောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဇာတ်လေးက ဘဝသမားတွေအကြောင်းကို ရိုက်ထားတာမို့ ဘယ်သူမှ လှမနေပါဘူး။ စိုးပြည့်က ဒီကားမှာ ပုမိဆိုတဲ့ ကာရိုက်တာပေါ့။ ပုမိကာရိုက်တာက အလှသမားမဟုတ်ဘဲ ဘဝသမား။ မိန်းမသားမဆန်ဘူး။ စိုးပြည့် ရိုက်ဖူးနေကြ ဇာတ်ကောင်တွေနဲ့ မတူတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ စိုးပြည့်ပါဝင်ရတဲ့ ဇာတ်ကောင်တိုင်းက သဘောကျစရာကောင်းတဲ့ ဇာတ်ကောင်တွေပါ။ သင်ခန်းစာရစရာ ဇာတ်လေးပါ။ ၁၉၇၀ လောက်က ကျေးလက်ဒေသတစ်ခုမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်တစ်ခုလည်း ဖြစ်ပါတယ်” လို့ အကယ်ဒမီစိုးပြည့်သဇင်ကပြောပါတယ်။
အဆိုပါအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN)၊ ထပ်ဆင့်အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ယမုံမြင့်မြတ်၊ ရဲလွင်ဦး၊ ပက်စီစိုး၊ မော်ကွန်း၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ ဦးဘဂျမ်း၊ အေဏီဇော်၊ အိမ့်ကြာဖြူ၊ ချောရတနာ၊ ထွန်းထွန်း၊ စနိုးကြည်ဖြူ၊ ဒါရိုက်တာကြည်ဖြူသျှင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“လွှာလှပ်လွင့်ဝါ”ဟာ လူထုဦးလှရဲ့ စာပေအယူအဆကို အခြေခံပြီး စာရေးဆရာ မိုးသက်အောင် (မြန်မာစာ) ရေးသားထားတဲ့ ဝတ္ထုကို ဒါရိုက်တာ ပီပီအဏ် (PPN) က ၁၉၇၀ ပြည့်လွန်နှစ်တွေကို ပြန်လည်ခံစား ပုံဖော်ရိုက်ကူးထားတဲ့ ဘဝသရုပ်ဖော်မိသားစု ဟဲဗီးဒရာမာဇာတ်လမ်းလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ စိုးပြည့်သဇင်၊ ရဲလွင်ဦး၊ ယမုံမြင့်မြတ်၊ ပက်စီစိုး၊ မော်ကွန်း၊ အောင်ခိုင်၊ ဘဂျမ်း၊ ဝါဝါအောင်၊ အိမ့်ကြာဖြူ၊ အေဏီဇော် စတဲ့ အနုပညာရှင်တွေပါဝင်ထားကြပါတယ်။
“လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#DirectorPPN #ဒါရိုက်တာပီပီအဏ် #MyintMyat #SoePyaeThazin #YamoneMyintMyat #PepsiSoe #YeLwinOo #MawKun #AungKhine #WahWahAung #ANeZaw #EaintKyarPhyu #လာလှပ်လွင့်ဝါ #ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီး #FamilyDrama #Drama #MTEntertainment
