၁၇.၁၀.၂၀၂၆
Written By Thandar
MCIX နဲ့ MRTV-4 တို ပူးပေါင်းတင်ဆက်တဲ့ ဂီတဝါသနာရှင်လူငယ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ The Super Band Music Reality Show ရဲ့ Band အဖွဲ့လေးဖွဲ့ကို မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ Press Conference ပွဲအခမ်းအနားမှာ Coach တွေဖြစ်တဲ့ ဟဲလေး၊ Ar-T၊ လွှမ်းပိုင်၊ အိမ့်ချစ်တို့က Team အဖွဲ့တွေကို မိတ်ဆက်ပေးခဲ့ကြပါတယ်။
“အခုဆိုရင် ကျွန်တော်တို့ MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသနေတဲ့ The Super Band Music Reality Show ကြီးကနေ Coach ၄ ဦးစိတ်ကြိုက် ရွေးချယ်ဖွဲစည်းလိုက်တဲ့ Band အဖွဲ့ ၄ ဖွဲ့ကို မီဒီယာတွေ့လိုက်တာပါ။ မိတ်ဆက်ပေးပြီးပြီဆိုတော့ နောက်လာမယ့် အပိုင်းတွေမှာ ဒီ Band ၄ ဖွဲ့က ဘယ်လိုမျိုး ဆက်လက်ယှဉ်ပြိုင်သွားမလဲ။ Live ဖျော်ဖြေရမယ့် အပိုင်းတွေမှာရော ပရိသတ် Voting ရအောင် ဘယ်လိုမျိုး ကြိုးစားသွားကြမလဲဆိုတာကို အတူတူဆက်လက်စောင့်ကြည့် ဝန်းရံလိုက်ကြရပါဦးလို ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမိုက်စား ဘယ် Band အဖွဲ့က ဆုကြေးငွေ ကျပ်သိန်း ၁၀၀၀ ကိုရမလဲဆိုတာ ရင်ခုန်စိတ် လှုပ်ရှားစရာ စောင့်မျှော်ကြည့်ရှုဖို့လည်း ပြောချင်ပါတယ်”လို့ MICIX က Executive Show Ko Louis က ပြောပါတယ်။
အဆိုပါအခမ်းအနားမှာ Coach ဟဲလေးရဲ့ New Teens Band, Coach အိမ့်ချစ်ရဲ့ Aura 4 Band, Coach Ar-T ရဲ့ IVy Band, Coach လွှမ်းပိုင်ရဲ့ Tetra Band တို့ဆိုပြီး မိန်းကလေး Band နှစ်ခုနဲ့ ယောက်ျားလေး Band နှစ်ခုကို ပရိသတ်ကိုချပြလာပါတယ်။ The Super Band ကတော့ ပုံမှန် Music Show တွေနဲ့မတူဘဲ ပြိုင်ပွဲဝင်တွေအတွက်နောက်ဆုံးမှာ Band တစ်ခုကိုရွေးချယ်ပြီး ဆုကြေးငွေသိန်း(၁၀၀၀)ဆုနဲ့ Music Album ကိုလည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။
မနက်ဖြန် အောက်တိုဘာ ၁၈ ရက် ည ၉ နာရီမှာ The Super Band Episode 5 ရဲ့ Own The Stage ကို MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#HlwanPaing #EintChit #HeLay #ArT #လွှမ်းပိုင် #အိမ့်ချစ် #ဟဲလေး #TheSuperBand #NewTeensBand #AuraBand #IVyBand # TetraBand #DiYan









