၁၆.၁၀.၂၀၂၆
Written By Thandar
နိုင်ငံကျော်အနုပညာရှင်တွေနဲ့ Reality GameShow အစီအစဉ်ဖြစ်တဲ့ ဆယ်လီစိုက်ပျိုးရေး Season 3 ကို လာမယ့် အောက်တိုဘာလ ၁၈ ရက် ညနေ ၆ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
“ဆယ်လီစိုက်ပျိုးရေးက ကြမ်းမယ်မှန်းတော့သိတယ်။ Season 2 ကိုလည်း ကြည့်ဖူးတော့ ပျော်ဖို့လည်းကောင်းတယ်၊ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီး ပါဝင်ခဲ့တာပါ။ Season 3က Season 2 ထက် အများကြီးပိုကြမ်းပါတယ်။ Script မပါတဲ့ တကယ့်အစစ်အမှန်တွေကို မြင်ရမှာပါ” လို့ သရုပ်ဆောင်ယမင်းမေဦးက ပြောပါတယ်။
အဆိုပါ Season 3 မှာက Season 1၊ Season 2 တို့နဲ့ မတူညီဘဲ ပိုမိုခက်ခဲပင်ပန်းတဲ့ Game Challenge တွေကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ မထင်မှတ်ထားလောက်တဲ့ Punishment များစွာနဲ့ ပရိသတ်အချစ်တော်ဆယ်လီ (၁၂) ဦးက ပါဝင်ယှဉ်ပြိုင်ဆော့ကစားထားကြမှာ ဖြစ်ပါတယ်။
ဆယ်လီစိုက်ပျိုးရေး Season 3 က မတူညီတဲ့ စိန်ခေါ်မှုများစွာကို သရုပ်ဆောင် ခင်ဝင့်ဝါ၊ မနှင်း၊ JAZ3 တို့က အဖြူအသင်း၊ သရုပ်ဆောင်ထူးအောင်၊ သံသာညီ၊ ယမင်းမေဦးတို့က ခရမ်းအသင်း၊ သရုပ်ဆောင်အလင်းရောင်၊ အုပ်စိုးခန့်၊ မေတိုးခိုင်တို့က အဝါအသင်း၊ သရုပ်ဆောင်ရှင်မွေလ၊ ဝင်းခန့်မိုး၊ ယမုံမြင့်မြတ်တို့က အပြာအသင်းအနေနဲ့ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
#အလင်းရောင် #ရှင်မွေလ #ဝင်းခန့်မိုး #JAZ3 #ခင်ဝင့်ဝါ #မေတိုးခိုင် #ယမင်းမေဦး #ယမုံမြင့်မြတ် #မနှင်း #ALinnYaung #ShinMweLa #WinKhantMoe #KhinWintWah #YaminMayOo #ဆယ်လီစိုက်ပျိုးရေးSeason3 #TheFamousFarmingShow #MTEntertainment
