၁၆.၁၀.၂၀၂၆
Written By Thandar
မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပမယ့် Miss Asia Global 2026 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အလှမယ် Tiara Zun Wai က အောက်တိုဘာ ၁၅ ရက်နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပါတယ်။
“Tiara က ငယ်ငယ်ကတည်းက အလှမယ်လောကကို စိတ်ဝင်စားခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာလည်း Top 20 ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပညာရေးပိုင်းကိုပဲ ဦးစားပေးထားတော့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်မှာ ကျောင်းသွားတက်တယ်။ ပြန်လာတော့မှ ကိုသက်ထွေးဇော်နဲ့ တွေ့ဆုံပြီး အလှမယ်လောကထဲကို ပြန်ပြီးဝင်ရောက်ဖြစ်တာပါ။ ကိုယ်ယူထားတဲ့ဘွဲ့ကလည်း အလှမယ်လောကအတွက် တော်တော်လေးအသုံးဝင်ပါတယ်။ ပရောဂျက်တွေဆိုရင်လည်း မြန်မာ့ယဉ်ကျေးမှုနဲ့ နိုင်ငံတကာက လူတွေနဲ့ အဆင်ပြေအောင်ချပြဖို့အတွက် စီစဉ်ထားတာတွေလည်း ရှိပါတယ်။ Catwalk ပိုင်းကိုလည်း သေသေချာချာလေး ပြင်ဆင်ထားပါတယ်။ တစ်ကျော့ပြန်ပြီး ဝင်ရောက်ရတာဖြစ်တဲ့အတွက် အများကြီးရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံအတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ”လို့ Miss Asia Global Myanmar 2026 အလှမယ် Tiara Zun Wai က ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်မှာ မလေးရှားနိုင်ငံ ပီနန်းမြို့မှာကျင်းပမယ့် Miss Asia Global 2026 Grand Final ပြိုင်ပွဲမှာတော့ မြန်မာ၊ ဖိလစ်ပိုင်၊ အီဂျစ်၊ နယူးဇီလန်၊ မက်ဆီကို၊ ဟောင်ကောင်၊ နီပေါ စတဲ့နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၄၀)ကျော်က နိုင်ငံကိုယ်စားပြု အလှမယ်အသီးသီးနဲ့အတူ Tiara Zun Wai က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
သူမဟာ၂၀၁၅ ခုနှစ်က Zun Wai နာမည်နဲ့ အလှမယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Myanmar International Top20 အဆင့်အထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။
Miss Asia Global Myanmar 2026 အလှမယ် Tiara Zun Wai က ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့အတွက် အလှမယ်လောကနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ဝေးကွာခဲ့တာဖြစ်ပါတယ်။
ယခုပြိုင်ပွဲမှာတော့ Tiara Zun Wai နာမည်နဲ့ အလှမယ်လောကကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။
#TiaraZunWai #MyanmarMiss #မလေးရှားနိုင်ငံ #MissAsiaGlobal2026 #အလှမယ်ပြိုင်ပွဲ #မြန်မာကိုယ်စားပြု #အလှမယ်TiaraZunWai #MissAsiaGlobalMyanmar2026 #MTEntertainment
