


၁၆.၁၀.၂၀၂၆
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ သဇင်လမ်းရှိ နှစ်ထပ်နေအိမ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ည ၇ နာရီ ၁၂ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ Safeguard နှင့် အဲယားကွန်းချိတ်ဆက်ထားသော မီးပလပ်ခုံမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။
နှစ်ထပ်နေအိမ်၏ အပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပေါ်ထပ် မျက်နှာကြက်နှင့် အလူမီနီယံပြတင်းပေါက်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် မီးပေါ့ဆသုံးစွဲသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
