၁၆.၁၀.၂၀၂၆
Written by Linn Eain
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များသည် ကရဝိတ်ဖောင်တော်ဖြင့် အောက်တိုဘာ ၁၆ ရက်၊ နံနက် ၇ နာရီက စတင်၍ အင်းလေးကန်အတွင်း ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံသည်။
အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်တင်ဆောင်လာသည့် ကရဝိတ်ဖောင်တော်သည် ငါးဖယ်ချောင်းကျောင်း စံကျောင်းမှ ကြေးစားကုန်းကျောင်း စံကျောင်းသို့ ဒေသစာရီကြွချီရာ ဆွဲလှေ ၈၂ စီးက အင်းလေးကန်တစ်လျှောက် ဖောင်တော်ဆွဲ၍ ကုသိုလ်ယူခဲ့ကြသည်။
အင်းလေးဖောင်တော်ဦးဘုရားတွင် ရုပ်ပွားတော်မြတ် ငါးဆူရှိသည့်အနက် လေးဆူသည် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ပွားများစေရေးအတွက် အင်းလေးကန်ပတ်လည်ရှိ နေရာဒေသ ၂၁ နေရာသို့ ရိုးရာအစဉ်အလာအတိုင်း ၁၉ ရက်ကြာ ဒေသစာရီကြွချီ ပူဇော်ခံလှည့်လည်သွားမည်ဖြစ်သည်။









