နေမိုး
၁၅. ၁၀. ၂၀၂၆
ညအချိန် နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့ဇနီးမောင်နှံနှစ်ဦးကို ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာသည့် ချောင်းဦး PDF ခြောက်ဦးက ဒလန်ဟုစွပ်စွဲကာ သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် နှစ်လောင်းပြိုင်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ ချောင်းဦး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်နေ ဦးအေးမင်းထွန်း (၃၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မခိုင်ဇင်ဖြိုး(၂၈)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
