၁၀.၉.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ ပလာဝမ်ပြည်နယ်ရှိ ခရီးသွားနေရာတစ်ခုအနီးတွင် ကူးတို့သင်္ဘောတစ်စီး မီးလောင်မှု စက်တင်ဘာလ ၉ ရက် ညက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ငါးဦး သေဆုံးပြီး ၈၇ ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က စက်တင်ဘာလ ၁၀ ရက် တွင် ပြောကြားခဲ့သည်။
မီးလောင်မှုက M/V June Aster ကူးတို့သင်္ဘောသည် စက်တင်ဘာလ ၉ ရက် တွင် မနီလာမှ ထွက်ခွာလာပြီးနောက် ကိုရုန်းမြို့ ကမ်းခြေသို့ ဦးတည်ခုတ်မောင်းလာစဉ် ညပိုင်း၌ ကမ်းခြေ မှ ၂ ဒသမ ၂ ကီလိုမီတာ (၁ ဒသမ ၃ မိုင်) အကွာတွင် ဖြစ်ပွားခဲ့ကြောင်း ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးကို ကမ်းခြေသို့ ပို့ဆောင်ခဲ့ကြောင်း လည်းပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်မှ အရာရှိများက ခရီးသည် ၃၈ ဦးနှင့် သင်္ဘောသား လေးဦး အပါအဝင် လူ ၄၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၏ အဆိုအရ သင်္ဘော၏ စာရင်းတွင် ခရီးသည် ၁၁၇ ဦးနှင့် သင်္ဘောသား ၁၇ ဦး အပါအဝင် လူ ၁၃၄ ဦး ပါဝင်သည်။
ကမ်းခြေစောင့်တပ်မှ ထုတ်ပြန်သော ရုပ်သံမှတ်တမ်းတွင် သင်္ဘော မီးလောင်နေပြီး အလောင်းများကို အလောင်းထည့်အိတ်များထဲတွင် ထည့်ကာ ကမ်းပေါ်သို့ သယ်ဆောင်လာကြောင်း တွေ့ကြရသည်။
ကမ်းခြေစောင့်တပ်မှူး နိုမီ ကာယာဘိုင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်၍ ကိန်းဂဏန်းများပြောင်းလဲလာနိုင်ကြောင်း စက်တင်ဘာလ ၁၀ ရက်တွင် ဖြည့်စွက် ပြောကြားခဲ့သည်။
ကယ်ဆယ်ခံရသူများနှင့် စကားပြောဆိုနိုင်ခြင်းမရှိသေး၍ ၎င်းတို့၏ ကယ်ဆယ်ခံရသူများ၏ အချက်အလက်များကို မရရှိနိုင်သေးကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
Ref; DW News
