၈. ၉.၂၀၂၉
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရိုးကြီးကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၄/၀ နှင့် ၃၄/၁ကြားတွင် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော TOYOTA MARK ll (မတ်တူး)ယာဥ်တစ်စီး လမ်းချော်၍ ကုန်ကားအောက်ဝင်ကာ ကုက္ကိုလ်ပင်ကို ဆက်တိုက်မိရာမှ အမျိုးသားနှစ်ဦးသေဆုံးခဲ့မှု စက်တင်ဘာလ ၇ ရက် ညနေ ၆နာရီခွဲခန့်က ဖြစ်ပွားခဲ့ ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
“ကုန်ကားအောက်ကို EE (ကျေးလက်မှူး)ရဲ့ကားက ဝင်သွားပြီး သစ်ပင်ကိုဝင်တိုက်တာ။ ကားက နှစ်ခြမ်းပြတ်တယ်။ သေဆုံးသူတွေက ရုပ်ပျက်ဆင်းပျက်ပဲ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။




သေဆုံးသူမှာ ညောင်တုန်းမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဦးမင်းယုနိုင်တို့ဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၁စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦးဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှစ်ဦးကို သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင် ၆ဦးက သူနာတင်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
