နေမိုး
၇. ၉. ၂၀၂၆
လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးရောင်းနေတဲ့ PDF တစ်ဦးကို မူးယစ်ဆေး၊ လက်နက်၊ ငွေသားတွေနဲ့ ဖမ်းဆီးလိုက်တယ်လို့ လောင်းလုံး PDF အဖွဲ့တစ်ခုဖြစ်တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ်အတွင်းက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုကို အခြေပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို WY မူးယစ်ဆေးပြား(၁၆၈) ပြား၊ BA 94 သေနတ် (မောင်းတုန်းနှင့် ကျည်အိမ်မပါ) (၁) လက်၊ မြန်မာငွေကျပ် ၁၁,၀၅,၇၀၀/- (ဆယ့်တစ်သိန်း ငါးထောင် ခုနစ်ရာကျပ်)၊ ဖုန်း(၂) လုံး၊ လက်ပတ်နာရီ(၆) လုံး၊ အိတ်(၄) လုံး၊ မီးခြစ် (၈) ခု၊ ပိုက်ထုပ် (၄) ထုပ်၊ ပိုက်ထည့်တဲ့ဘူး (၁) ဘူး၊ နားကြပ်ဘူးခွံ (၁) ခု၊ ဂက်စ်ဘူး (၁) ဘူးနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
NUG သြဇာခံ PDF တွေဟာ ဘီလျံချီ မူးယစ်ဆေး ဖြန့်ချိမှုတွေ လုပ်ဆောင်နေတာ မကြာခဏ ဖမ်းမိထားသလို MT News စုံစမ်းမှုအရ အခု မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနဲ့ ဖမ်းမိတဲ့ လက်နက်ကိုင်ဟာလည်း PDF တစ်ဦးဖြစ်ပေမဲ့ ဖမ်းဆီးတဲ့ လောင်းလုံး PDF အဖွဲ့ကတော့ ဖမ်းမိတရားခံဟာ PDF ဖြစ်ကြောင်းနဲ့ အဖွဲ့အစည်းကိုတော့ ဖုံးဖိထုတ်ပြန်ထားပါတယ်။


