၇.၉.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ အသက် ၄၅ နှစ် ပြည့်မွေးနေ့အဖြစ် သဘင်၊ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်ပေါင်းများစွာရဲ့ အမိုက်စားဖျော်ဖြေတင်ဆက်မယ့် “တင်မောင်ဆန်မင်းဝင်း မွေးနေ့မင်္ဂလာနှစ်ပါး”ပွဲကြီးကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ National Theatre မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်ရဲ့ မွေးနေ့က လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ဖြစ်ပါတယ်။ အဲနေ့မှာ မွေးနေ့အမှတ်တရအနေနဲ့ မွေးနေ့မင်္ဂလာနှစ်ပါးဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဖျော်ဖြေတင်ဆက်သွားဖို့ ရှိပါတယ်။ အသက်ကတော့ ၄၅ နှစ် ပြည့်တာပါ။ ၄၅ ဆိုတော့ ကိုးနဝင်းဖြစ်သွားတာပေါ့ ဒါကြောင့်လည်း ဒီပွဲလေး လုပ်ဖြစ်တာပါ။ ကျွန်တော်မွေးနေ့မှာ ပါဝင်တဲ့အနုပညာရှင်တွေကလည်း ရက်တွေသိပ်အားကြတာမဟုတ်ဘူး ဆိုတော့လေ။ ဒါပေမယ့် ရုပ်ရှင်ရော၊ သဘင်ရော ဂီတရောက သိပ်မအားကြပေမယ့် ကျွန်တော့်ကိုချစ်ခင်စိတ်နဲ့ ပါဝင်ပေးကြတာပါ။ ရုပ်ရှင်ဘက်ကလည်း ကိုကြံ့@ကျော်ကျော်ဗိုလ်၊ နေတိုးနဲ့ မြင့်မြတ်အပြင် ထွန်းထွန်းတို့လည်း ပါဝင်ပေးကြတာလေ အရမ်းလည်း ပျော်ရပါတယ်။ နောက်ပြီးတော့ ညီငယ်လေးစမ်းရေမိုးတို့၊ ညီလေးအောင်ဇမ္ဗူတို့က အားကြတာ မဟုတ်ပေမယ့် အကုန်လုံးက မအားကြတာမို့ကျွန်တော်တို့ ချစ်ခင်ပြီးပါဝင်ကြတာပါ”လို့ မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
အဆိုပါ မွေးနေ့မင်္ဂလာ နှစ်ပါးသွား ဖျော်ဖြေပွဲမှာတော့ ရုပ်ရှင်၊ သဘင်နဲ့ ဂီတပိုင်းကဖြစ်ကြတဲ့ နေတိုး၊ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ ရွှေမန်းချမ်းသာ၊ နန်းဝင်း၊ အောင်ဇမ္ဗူ၊ စမ်းရေမိုး၊ စည်သူဗိုလ်၊ သူရဝင်းထွဋ်၊ ကောင်းစည်ဟိန်း၊ ဝင်းသပြေထွန်း၊ ဇွဲရတီ၊ Projeck K စတဲ့သူတွေပါဝင်ကြပြ ဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။
“တင်မောင်ဆန်းမင်းဝင်း မွေးနေ့မင်္ဂလာ နှစ်ပါး” ဇာတ်ပွဲကြီး ခုံလက်မှတ်တွေကို ဖုန်းနံပါတ် 095168026၊ 09793629824၊ Viber no 09799281541၊ Kpay no. 095168026 (Daw Thin Thin Aung), 09799281541 (Daw Myat Pan Cho)၊ Aya pay no. – 09799281541 (Myat Pan Cho)တို့က ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
#တင်မောင်ဆန်းမင်းဝင်း #မွေးနေ့မင်္ဂလာနှစ်ပါး #တင်မောင်ဆန်းမင်းဝင်းမွေးနေ့မင်္ဂလာနှစ်ပါး #BirthdayShow #NayToe #SanYayMoe #AungZabu #MyintMyat #TinMaungSanMinWin #MingalarBirthdayShow #NationalTheatre
