၄.၉.၂၀၂၆
Written By Thandar
စီးပွားရေးအချိတ်အဆက်တွေနဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်တဲ့ Myanmar Business Trade Show & Travel Expo 2026 ပွဲကြီးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ Pan Pacific Hotel မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“STP Event Managementက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေသံရုံးအသီးသီးနဲ့ ဆက်စပ်ပြီး နိုင်ငံအတွင်းမှာ လာရောက်လုပ်ကိုင်နေကြတဲ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေပါ အဘက်ဘက်က အဆင်ပြေစေဖို့ ရည်ရွယ်ပြီး Myanmar Business Trade Show & Travel Expo 2026 ပွဲကြီးကို ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် တကယ့်ကို စီးပွားရေးချိတ်ဆက်မှုအသစ်တွေ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေကို ဖော်ဆောင်ပေးနိုင်ခဲ့သလို စီးပွားရေးလုပ်ငန်းတွေကလည်း ပြခန်းတွေနဲ့ အသီးသီးပါဝင်ပြီး ပြသထားတာဖြစ်လို့ စက်တင် ဘာ ၄ ရက်ကနေ ၆ ရက်အထိ Pan Pacific Hotelမှာ ကျင်းပပြုလုပ်မယ့်ပွဲကို စိတ်ပါဝင်စားသူများအနေနဲ့ လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ STP Event Management Team က ဒေါ်သင်းသင်းအောင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို နိုင်ငံတချို့ကဖိတ်ကြားထားတဲ့ သံရုံးတွေက သံအမတ်၊ အနုပညာရှင်တွေဖြစ်တဲ့သရုပ်ဆောင် ဘုန်းရှိန်ခန့်၊ ဖြိုးရာဇာနိုင်၊ မိတ်ကပ် ကိုသာဂိ၊ စိန်လင်းတို့တက်ရောက်ခဲ့ကြပြီး Project-K အဖွဲ့က တေးသီချင်းဖျော်ဖြေတင်ဆက်မှုတွေနဲ့ကျင်းပခဲ့ပါတယ်။
ဒီပွဲကြီးမှာ နိုင်ငံတကာ စီးပွားရေးအချိတ် အဆက်တွေပိုမိုခိုင်မာလာစေဖို့အတွက် အာရပ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာစတဲ့ သံရုံး ၅ ရုံးနဲ့အတူ မြန်မာနိုင်ငံရှိ သံရုံးပေါင်းများစွာကလည်း တက်ရောက်ခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင်ပြပွဲမှာ MSMEs / SMEs တွေ၊ Travel၊Tourism & Healthcare ကဏ္ဍမှ လုပ်ငန်းရှင်တွေ၊ Export, Import & Distribution ကုန်သွယ်မှုကုမ္ပဏီတွေ၊ Real Estate & Developer တွေ၊ Gems & Jewellery တွေနဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရဲ့ ဆိုင်ခန်းပေါင်း ၈၀ ပါဝင်ပြသခဲ့ပါတယ်။
#ဒေါ်သင်းသင်းအောင် #DawThinThinAung
#ProjectK #MyanmarBusinessTradeShow #TravelExpo2026 #STPEventManagement
#MYANMARBUSINESSTRADESHOWANDTRAVELEXPO #MYANMARBUSINESSTRADESHOWANDTRAVELEXPO2026








