၁. ၉.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်၊ ထွန်းသဲဆိပ်တွင် လူငယ်တစ်ဦး လှေပေါ်မှခြေချော်ကာ သံလွင်မြစ်ထဲကျ၍ ပျောက်ဆုံးမှု သြဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရှာဖွေကူညီခဲ့သူများထံမှ သိရသည်။
ရေနစ်ပျောက်ဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် ကိုချစ်မင်းဦးဖြစ်ပြီး လှေပေါ်လိုက်ပါစဥ် သံလွင်မြစ်ထဲ ခြေချော်ကျကာ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးနေသူကို မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ရေငုပ်ကျွမ်းကျင်သူ ဦးပါကြီးနှင့်အဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ရာ ၁၅ မိနစ်အကြာတွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ရေအရမ်းနောက်တဲ့ သံလွင်မြစ်ပြင်ကျယ်ထဲမှာ ရေငုပ်ပြီး Dead Body ရှာရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဦးပါကြီးက တကယ့် ကျွမ်းကျင်ရေငုပ်ဆရာပါ”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ရွှေနတ်တောင် Rescue အဖွဲ့မှ အဖွဲ့ဝင်များက မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။




