၃၁.၈.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထီးလှိုင် (၁) ရပ်ကွက်၊ ဦးချစ်လမ်းရှိ နေအိမ်တစ်လုံးတွင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု သြဂုတ်လ ၃၀ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်တွင် ပလပ်စတစ်ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်သေဆုံးလဲဆိုတာတော့ မသိရဘူး။ ကျွန်တော်တို့က သယ်ယူပေးပြီး ဆေးရုံပို့ပေးလိုက်တာပါ”ဟု တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် လေးဦးက တောင်ငူပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
