၃၁.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်၊ ရွာမလမ်းတွင် မီးပလပ်ခုံအပူလွန်ကဲရာမှ နှစ်ထပ်နေအိမ်တစ်လုံးမီးလောင်မှု ယနေ့ သြဂုတ်လ ၃၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ၁၂ ပေ၊ အနံ ၄၈ ပေရှိ သွပ်မိုး၊ ပျဥ်ထောင်၊ပျဥ်ခင်း နှစ်ထပ်နေအိမ်ရှိ မြေညီထပ် အိပ်ခန်းတွင် မီးပလပ်ခုံအပူလွန်ကဲပြီး မီးပွားထွက်ကာ အနီးရှိ လိုက်ကာသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
နေအိမ်မီးလောင်မှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံး၊သစ်သားဗီရို နှစ်လုံး၊ ရေခဲသေတ္တာနှင့်စက်ဘီး၊အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၂၉ နှစ်အရွယ် အိမ်ငှား အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ၂၈၅ ဖြင့် ဒေါပုံမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
