၂၉.၈.၂၀၂၆
Written by Linn
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မော်တင်ကမ်းနားတွင် ရုပ်အလောင်းပါရှိသည့် သစ်သားအခေါင်းတစ်ခု သောင်တင်မှု ဩဂုတ် ၂၉ ရက်ကဖြစ်ပွားခဲ့ကြောင်း ကိုပူတူးနှင့်ဘော်ဒါများလူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ ရေထဲမျောလာပြီး သောင်တင်နေသည့် အခေါင်းရှိရာနေရာသို့ သမ္ဗာန်ဖြင့်သွားရောက်ကာ ကြိုးဖြင့် ချိတ်ဆွဲကာ ကမ်းနားရောက်မှ ဆယ်ယူခဲ့ကြောင်း သိရသည်။
ထိုအခေါင်းထဲမှ ရုပ်အလောင်းကို Dead Body Bag ဖြင့် ထုပ်ပိုးကာ အဆိုပါလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခေါင်းသည် ရေကြီးနစ်မြုပ်နေသည့် ဒေသတစ်ခုမှ ဖြစ်ဟန်တူပြီး မြေချစရာသုသာန်ရေမြုပ်နေသဖြင့် ရေထဲမျောလိုက်ရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွက်ခ်ပေါ် ပျံ့နှံ့လာသည့် စခရင်ရှော့ရုပ်ပုံများအရ သိရပြီး အခေါင်းထဲတွင်လည်း ကျောက်ခဲများထည့်ထားသည်ကို ဓာတ်ပုံများအရ မြင်တွေ့ရသည်။
ဓာတ်ပုံ-ကိုပူတူးနှင့် ဘော်ဒါများလူမှုကူညီရေးအသင်း



