နေမိုး
၂၈. ၈.၂၀၂၆
စာသင်ကျောင်းကို NUG ဩဇာခံ တောင်သာ PDF များက လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ ပညာသင်ကြားနေသူ ၁၂ တန်း (ယခင် ဆယ်တန်း) ကျောင်းသားတစ်ဦး ကျည်ထိမှန်ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ တောင်သာ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ဇဂျမ်း) ၌ ပညာသင်ကြားနေသည့် ကျောင်းအိုကျေးရွာနေ Grade-12 ကျောင်းသားဖြစ်သူ မောင်ထက်ဝေသော်(၁၈)နှစ်သည် အဆိုပါကျောင်း၌ ရှိနေစဉ် PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာမှ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် မောင်ထက်ဝေသော်တွင် ဦးခေါင်းကို ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၅၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
