The working principle of a photovoltaic cell with a diagram
သက်တံ့
၂၈. ၈. ၂၀၂၆
တရုတ်နိုင်ငံအခြေစိုက် အန်ဟွီ ဟွာဆွန်း အင်နာဂျီ ကုမ္ပဏီ (Anhui Huasun Energy Co., Ltd. – “Huasun”) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံမြို့ရှိ Photovoltaic (PV- နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့် နည်းပညာ) နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းအတွက် ၎င်းတို့၏ ပင်မထုတ်ကုန်ဖြစ်သော Himalaya PLUS HJT Module (၁၃ ဒသမ ၇ မဂ္ဂါဝပ်) များကို ထောက်ပံ့ပေးရန် ပြည်ပအော်ဒါသစ်တစ်ခု ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်တွင် အပြီးသတ် ပေးပို့သွားမည်ဖြစ်သည်။
ဤသဘောတူညီချက်သည် ဟွာဆွန်း၏ ထုတ်ကုန်သစ်များကို ပြည်ပသို့ ဆက်တိုက်ဆိုသလို အကြီးစား တင်ပို့ဖြန့်ဖြူးနိုင်မှုကို ပြသနေပြီး အရှေ့တောင်အာရှ၏ စွမ်းအင်သစ်ဈေးကွက်တွင် ကုမ္ပဏီ၏ ထိရောက်စွာ ခြေဆန့်နိုင်မှုကို ပိုမိုခိုင်မာစေခဲ့သည်။
HB Vantage ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည့် အဆိုပါစီမံကိန်းတွင် ဒေသတွင်း သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှု စီမံကိန်းများကို ထိရောက်စွာ တည်ဆောက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြင့်မားခြင်းနှင့် အပြင်ဘက် ရာသီဥတုဒဏ်ကို လိုက်လျောညီထွေ ခံနိုင်ရည်ရှိခြင်းတို့ကြောင့် Himalaya PLUS Module များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နေရောင်ခြည်စွမ်းအင် အလုံအလောက် ရရှိသည့် မြန်မာနိုင်ငံသည် Photovoltaic စွမ်းအင် ထုတ်လုပ်ရေးအတွက် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိနေသည်။ တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသည့် အပူပိုင်းဒေသ ပတ်ဝန်းကျင်ဖြစ်ခြင်းကြောင့် Module များ၏ စွမ်းဆောင်ရည်၊ တည်ငြိမ်မှုနှင့် ရေရှည်ခံနိုင်ရည်တို့အတွက် တင်းကျပ်သော စံချိန်စံညွှန်းများ လိုအပ်ရာ စွမ်းဆောင်ရည်မြင့် နေရောင်ခြည်စွမ်းအင်သုံး Module များသည် ဒေသတွင်း စီမံကိန်းများအတွက် ထိပ်တန်းရွေးချယ်မှု ဖြစ်လာခဲ့သည်။
ဟွာဆွန်း၏ ပင်မထုတ်ကုန်သစ် ဖြစ်သည့် Himalaya PLUS တွင် အလွန်မြင့်မားသော စွမ်းအင်ထွက်ရှိမှုနှင့် HJT ၏ အလွန်နိမ့်ကျသော အပူချိန် ကိန်းဂဏန်း (Ultra-low temperature coefficient) တို့ ပါဝင်သဖြင့် အပူချိန်မြင့်မားသည့် အခြေအနေများတွင် စွမ်းအင်ထုတ်လုပ်မှု ပိုမိုသာလွန်ကောင်းမွန်ပြီး စီမံကိန်းမှ အကျိုးအမြတ် တည်ငြိမ်စွာ ရရှိရေးအတွက် အရှေ့တောင်အာရှ၏ အပူပိုင်း ရာသီဥတုများနှင့် အပြည့်အဝ ကိုက်ညီမှုရှိသည်။
မြန်မာနိုင်ငံရှိ လျှပ်စစ် ၁၃ ဒသမ ၇ မဂ္ဂါဝပ်ထွက်ရှိမည့် စွမ်းအင်စီမံကိန်းသည် Himalaya PLUS အတွက် နောက်ထပ် အဓိကကျသည့် ပြည်ပအောင်မြင်မှုတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှ၏ ရှုပ်ထွေးသော လုပ်ငန်းခွင် အခြေအနေများနှင့် ထုတ်ကုန်၏ လိုက်လျောညီထွေရှိမှုကို အပြည့်အဝ သက်သေပြလိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်၍ ဟွာဆွန်းသည် အရှေ့တောင်အာရှ၏ သက်ဝင်လှုပ်ရှားနေသော ဈေးကွက်သစ်များကို ပိုမိုတိုးချဲ့သွားမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မား၍ ယုံကြည်စိတ်ချရမှုရှိသော HJT နေရောင်ခြည်စွမ်းအင်သုံး နည်းပညာများဖြင့် ကမ္ဘာ့သန့်ရှင်းသော စွမ်းအင် အကူးအပြောင်းကဏ္ဍကို မြှင့်တင်ပေးသွားမည်ဖြစ်သည်။
Ref: Manila Times
