၁၀.၇.၂၀၂၆
Written By Thandar
Family Drama Supsance ဇာတ်လမ်းပုံစံ “ပုံရိပ်ယောင်” ဇာတ်လမ်းတွဲကြီး ကန်တော့ပွဲပေးပွဲကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီ ပုံရိပ်ယောင်ဇာတ်ကားမှာ မေလေးနဲ့ အန်တီဆင့်@မေသန်းနုက ဒုတိယအကြိမ်ပြန်ဆုံတာပါ။ သမီးယောက္ခမ ကာရိုက်တာနဲ့ ဆုံရမှာပါ။ တီဆင့်ရဲ့ ချွေးမပေါ့နော်။ မေလေးကို ယောက္ခမက အမြင်မကြည်ဘဲ နှိပ်စက်မှာပေါ့နော်။ ရှေ့ကားမှာလည်း တီဆင့်က မေလေးကို သဘောမတူခဲ့ဘူးပေါ့နော်။ ဇာတ်လမ်းလေးက ကောင်းတယ် Family Drama Supsance ဇာတ်လမ်းပုံစံလေးပါ”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။
ဒီဇာတ်ကားကို MRTV-4 နဲ့ FOREVER GROUP တို့ ပေါင်းစပ်တင်ဆက်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်၊ ဒါရိုက်တာ ကြည်မင်းထွန်းက Family Drama Supsance ဇာတ်လမ်းပုံစံ ရိုက်ကူးမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ မေမြင့်မိုရ်၊ ချာလီငြိမ်း၊ မုဏ်း၊ ဥဩသံသာ၊ စူးရှထူး၊ သျှား၊ အေးမြတ်နိုးစံတို့အပြင် အား ဖြည့်ပါဝင်မယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေအနေနဲ့ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ ဝါဝါအောင်၊ ကလေးသရုပ်ဆောင် ဖြိုးခန့်၊ ဧည့်သည်သရုပ်ဆောင် ဟိန်းရတုတို့က ပါဝင်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
#ချာလီငြိမ်း #မေမြင့်မိုရ် #မေသန်းနု #ဟိန်းရတု #မုဏ်း #ပုံရိပ်ယောင်ဇာတ်လမ်းတွဲ #CharLiMyein #MayMyintMo #MayThanNu #Mone #Heinyatu #MRTV4












