နေမိုး
၂၆. ၆. ၂၀၂၆
အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG ရဲ့ ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင် ခိုင်းစေချက်အရ စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိငဖြိုးက ယင်းမာပင်ခရိုင် အမှတ် – ၆ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာရဲ့ ဦးခေါင်းကို အစည်းအဝေးအလယ်မှာ ပစ်သတ်ပြီး PDF အချင်းချင်း အာဏာလု လူသတ်မှု ကျူးလွန်လိုက်ပါတယ်။
စွမ်းသူမောင်ဟာ ပုလဲမောင်ကို သစ္စာဖောက်တယ်လို့ ထင်မြင်ချက်နဲ့ စွပ်စွဲပြီး သူ့ရဲ့ PA ကို ပစ်သတ်ခိုင်းပေမဲ့ သတ်ဖြတ်တဲ့ ငဖြိုးကတော့ သူက ဒလန်လို့ စွမ်းသူမောင် ခိုင်းလို့ လုပ်ရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ပုလဲမောင် အသတ်ခံရမှုအပေါ် သူ့တပ်ရင်းဖြစ်တဲ့ ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်းကတော့ “သူတို့တပ်ရင်းမှူး ပုလဲမောင်ဟာ ဒီနေ့မှာ ယင်းမာပင်ခရိုင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဥ်အတွင်း နေ့လယ် ၂ နာရီမှာ တပ်ရင်းမှပေးအပ်သောတာ၀န်များကို ထမ်းဆောင်နေစဉ်အတွင်း တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသက်နဲ့ ခန္ဓာပေးဆပ်သွားခဲ့တယ်လို့ ဖော်ပြ ဝမ်းနည်းခဲ့ပါတယ်။






ဒါ့အပြင် NUG ရဲ့ PDF စစ်ရုံးချုပ်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ငဖြိုးကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးထားပြီး စွမ်းသူမောင် စွပ်စွဲသလို သစ္စာဖောက်တယ်မပြောဘဲ ဝမ်းနည်းထားတာ တွေ့ရပါတယ်။
စွမ်းသူမောင်ဟာ ဆားလင်းကြီးမှာ အခြေစိုက်တဲ့ ဓားမဆိုင်းတပ်တော်ကို ဗိုလ်စွမ်းအမည်ခံဦးဆောင်သူလည်းဖြစ်ပြီး ဗိုလ်နဂါးရဲ့ BNRA ကို ဦးဆောင် ဖြိုဖျက်ခဲ့သူပါ။ သူ့ရဲ့ ဓားမဆိုင်းတပ်တော်ဟာလည်း NUG ရဲ့ PDF အဖွဲ့တွေ ကျူးလွန်နေကြတဲ့အတိုင်း သယံဇာတခိုးထုတ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ပြန်ပေးဆွဲ၊ လူသတ်၊ ဆက်ကြေးကောက်မှုတွေနဲ့ နာမည်ပျက်နေသလို ပုလဲမောင် (ခ) ပီတာကိုလည်း နေရာလုနိုင်သူဖြစ်လာနိုင်လို့ သစ္စာဖောက်တံဆိပ်ကပ်ပြီး လက်ဦးအောင် သတ်လိုက်တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
