
၁၀.၁၁. ၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးလှမြင့်ရေခဲစက်တွင် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အမျိုးသမီးတစ်ဦး ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရမှု နိုဝင်ဘာလ ၉ ရက် ည ၁၀ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ရေခဲစက်အနီးရှိ ကြက်အရောင်းဒိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၄၇ နှစ်အရွယ် အမျိုးသမီးကြီးမှာ ဓာတ်ငွေ့ရှုရှိုက်မိသဖြင့် မျက်လုံးများနီရဲကာ၊ လည်ချောင်းအပူလောင်ခြင်းများ ဖြစ်ပွားခဲ့သောကြောင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။
အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကို တွံတေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အမိုးနီးယားဓာတ်ငွေ့များကို ရှင်းလင်းခြင်း၊ ရေဖြန်းခြင်းနှင့် ဘားပိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
