၁၆.၅.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် Build Smart & Biggest Myanmar Production နဲ့ MCEF နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် ကုန်စည်ပြပွဲ ၂၀၂၆ ကို မေလ ၁၅ ရက်ကနေ မေလ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ Yangon Convention Centre (𝐘𝐂𝐂) ကျင်းပနေလျက်ရှိပါတယ်။
ဒီကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ရှိ YCC မှာ အစိုးရရုံးအဖွဲ့က တာဝန်ရှိသူတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အောင်ခိုင်၊ နက္ခတ်၊ အောင်ပိုင်၊ ခိုင်သဇင်ငုဝါ၊ သဒ္ဒါနန်းထိုက်၊ ကျော့ကျော့၊ TikTok Cele မြတ်မှူးအိန္ဒြာ စတဲ့သူတွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“ကျွန်တော့်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကဆိုရင် ကြိုးပမ်းဆောင်ရွက်လာတာဆိုရင် နှစ် ၃၀ ပြည့် ပုလဲရတုတိုင်ခဲ့ပါပြီ။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာရဲ့ ဆောက်လုပ်ရေးနည်းပညာ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေ၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာနည်းပညာတွေ၊ အရည်အသွေးမြင့်အိမ်ဆောက်ပစ္စည်းတွေ အဓိကပြသတာပါ။ ဒီပြပွဲအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်မှုတွေလည်းလုပ်ဆောင်နိုင်ပါတယ်။ ဒီပြပွဲကြီးကို မြန်မာနိုင်ငံရဲ့ထုတ်လုပ်မှုနဲ့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နည်းပညာကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာပါ”လို့ အဆိုပွဲက တာဝန်ရှိသူကပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဌ ဦးအေးဝင်းက ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး Builder Mall Expo, CEO ဒေါက်တာတေဇာဟိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
MCEF က လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ခုဆိုရင် နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပြင် “Build Smart and Biggest Myanmar Production” ကုန်စည်ပြပွဲကို ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ပြသထားရာ တာဝန်ရှိသူတွေ လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
#နက္ခတ် #အောင်ခိုင် #အောင်ပိုင် #ခိုင်သဇင်ငုဝါ #BuildSmartandBiggestMyanmarProduction #NatKat #AungKhine #AungPaing #KhaingThazinNgyuWah #သဒ္ဒါနန်းထိုက် #ကုန်စည်ပြပွဲ #MCEF #ပုလဲရတုအထိမ်းအမှတ်














