



၅.၂.၂၀၂၆
Photo News by Nay Yaung Lin
ရန်ကန်ရဲ့ အထင်ကရပြယုဂ် (Land Mark) ဖြစ်လာမယ် ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး ဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့ မြင်ကွင်းတွေကို ဒီ ဖေဖော်ဝါရီ ၅ ရက်မှာ မြင်တွေ့ရပုံကို ဖော်ပြအပ်ပါတယ်။
ရန်ကုန်-ဒလမြစ်ကူးတံတားကြီးဟာ အရှည်ဆုံးတံတားတွေထဲ တံတားတစ်ခုဖြစ်လာမှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရပြယုဂ်(Land Mark) တစ်ခုဖြစ်လာမယ်လို့ ဆိုထားကြပါတယ်။




အခြေအနေအရပ်ရပ်ကြားက ဒလ-ရန်ကုန်တံတားကြီးကတော့ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်သလို ဒလမြို့က နေ့စဉ်သွားလာနေသူများအတွက်လည်း လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူလာတော့မှာပါ။
ရန်ကုန်- ဒလတံတားစီမံကိန်းဟာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား ခံနိုင်ဝန်က ၇၅ တန်၊ တံတားရဲ့အမြင့်က မီတာ ၇၀ ကျော်ရှိကာ ၂၀၁၉ ခုနှစ် မေလမှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။
