၄.၂.၂၀၂၆
Written by Linn Eain
သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် (၁၆) ကြိမ်မြောက် အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှုကို ဖေဖော်ဝါရီ ၃ ရက်မှ ၁၀ ရက်အထိ ကုသပေးနေကြောင်း သိရသည်။
၁၆ ကြိမ်မြောက် အခမဲ့ သီတဂူစက္ခုဒါနအလင်းအလှူတော် ပထမနေ့၊ ဖေဖော်ဝါရီ ၃ ရက်တွင် မျက်စိဝေဒနာရှင် (၅၁၉) ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိအတွင်းတိမ်၊ အခြားမျက်စိရောဂါများကို ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
(၁၆) ကြိမ်မြောက် အခမဲ့ သီတဂူစက္ခုဒါန အလှူတော်တွင် ပါဝင်ကုသပေးခဲ့ကြသည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ဘုရားကြီးအား ယနေ့ ဖေဖော်ဝါရီ ၄ ရက်က သွားရောက်ဖူးမြော်ကြည်ညို၊ ဂါရဝပြု နှုတ်ဆက်ကန်တော့ခဲ့ကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံကြီးသို့ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့ လာရောက်စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ကုသမှုခံယူနိုင်ပြီး မျက်စိဝေဒနာရှင်များ အလင်းရရှိစေရန်အတွက် ကုသိုလ်ပါဝင်လိုသူ အလှူရှင်များလည်း စေတနာအလျောက် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။




