


၁၂.၁၁.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်တွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ” KKK “ဝဥပေါင်းခံစက်ရုံ မီးလောင်မှုမှာ ကျောက်မီးသွေးသုံးမီးဖို အပူလွန်ကဲရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
“ဝဥကို အခြောက်ခံတဲ့ ကျောက်မီးသွေးသုံးမီးဖိုက အပူရှိန်လွန်ကဲပြီး မီးစလောင်တာပါ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
စက်ရုံမီးလောင်မှုကို အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် အခြောက်ခံထားရှိသော ဝဥ ပိဿာချိန် ၅၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဝဥပေါင်းခံစက်ရုံ မီးလောင်မှုကြောင့် စက်ရုံတာဝန်ခံ အမျိုးသားတစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မုပွန်နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
