၁၂.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာရှိ လယ်တဲနေအိမ်တွင် အဘိုးအိုတစ်ဦးအား ဓားမဖြင့် ခုတ်သတ်သူကို နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသတ်ခံရသူမှာ အသက် ၆၈ နှစ်အရွယ် ဦးတင်ငွေဖြစ်ပြီး တစ်ဦးတည်းနေထိုင်သူဖြစ်ကာ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက ၎င်း၏လယ်တဲအိမ်ပေါ်၌ လည်ပင်း ပြတ်လုနီးပါးဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ကျုးလွန်သူ အသက် ၆၀ အရွယ် ဦးတင်ထွေး(ခ)ဦးကြည်စိုးကို နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
အသတ်ခံရသူ ဦးတင်ငွေနှင့် ကျုးလွန်သူ ဦးတင်ထွေးတို့မှာ လယ်ကွင်းချင်းဆက်နေသူများဖြစ်ပြီး ဦးတင်ငွေမှာ အရက်မူးလာပါက သွေးဆိုးကာ ဆဲဆိုစိန်ခေါ်လေ့ရှိကြောင်း ကျူးလွန်သူက စွပ်စွဲထွက်ဆိုသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က လယ်တဲ၌ ရှိနေသောဦးတင်ထွေးကို ဦးတင်ငွေက အရက်မူးကာ ဓားမကိုင်လျက် လာရောက်စိန်ခေါ်ဆဲဆိုပြီးပြန်သွားသည်ကို မကျေနပ်၍ မွန်းလွဲ ၁ နာရီခန့်တွင် ဦးတင်ငွေ၏ အိမ်သို့ လိုက်သွားပြီး ဓားကိုင်ထားသော ဦးတင်ငွေကို တွေ့သဖြင့် ၎င်းကို ခုတ်မည်စိုးကာ ဓားကိုယူ၍ ဦးတင်ငွေ၏ လည်ပင်းကို ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူက ထွက်ဆိုသည်ဟုလည်း ကနဦးစစ်ဆေးချက်များအရ သိရသည်။
လူသတ်မှုနှင့်ပတ်သက်၍ ကျုးလွန်သူ ဦတင်ထွေးကို ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ကာ ကမာကလုတ်နယ်မြေရဲစခန်းက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
