၄.၂.၂၀၂၆
Written By Thandar
ပရိသတ်တွေချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အစာအိမ်ယောင်လို့ ဆေးရုံတက်ဆေးကုသမှုခံယူနေရတယ်လို့ ပရိသတ်ကို ဖွင့်ဟလာပါတယ်။
“သင်ဇာ အခုအစာအိမ်ယောင်လို့ ဆေးရုံတက်နေရပါတယ်။ လောလောဆယ် ကျန်းမာရေးအခြေအနေကြောင့် ပျက်ကွက်ခဲ့တဲ့ အလုပ်တွေလည်း ရှိခဲ့ပါတယ်။ အားလုံး နားလည်ပေးစေချင်ပါတယ်”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပရိသတ်သိအောင် ဖွင့်ဟလာပါတယ်။
သူမက လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုလည်း ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ဘူးလို့ ဆိုပါတယ်။
“အကယ်ဒမီပေးပွဲလည်း တက်ရောက်နိုင်ခြင်း မရှိတော့တာကြောင့် Sponsorship တွေအားလုံးကို ဒီကနေပဲ တောင်းပန်ချင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
#သင်ဇာဝင့်ကျော် #ThinzarWintKyaw #အစာအိမ်ရောင် #CeleHealth #MyanmarAcademy




