၉.၁.၂၀၂၅
Written by Nay Yaung Lin
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီးသည် ကျုံးမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် ကြိုတင်ဆန္ဒမဲပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်(PR) မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ မဲရုံအမှတ် (၁)တွင် မဲပေးခွင့်ရှိသူ ၁၉၉၃ ဦးရှိပြီး ကျုံမငေးမြို့ပေါ်တွင် မဲရုံစုစုပေါင်း ငါးရုံရှိကြောင်း သိရသည်။







