နေမိုး
၁၇. ၁၂. ၂၀၂၅
မန္တလေးမြို့လယ်အတွင်းမှာ MDY PDF ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထက်မြတ်အောင်ကို ဖမ်းမိလိုက်ပြီလို့ သိရပါတယ်။
ထက်မြတ်အောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့က မန္တလေးမြို့၊ ဈေးချိုဈေးအနီးမှာ တေဇာဆန်း၊ နန်းလင်းတို့နဲ့အတူ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ အဓိကပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။



အသက် (၂၄) နှစ်အရွယ် ထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သလို AFCC-MDY နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ထက်မြတ်အောင်ကို ဖမ်းမိသွားကြောင်း AFCC – MDY ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
နန်းလင်း၊ တေဇာဆန်းနဲ့ ထက်မြတ်အောင်တို့လူစုဟာ ပြည်သူကို ထိခိုက်အောင် ပျံကျစျေးတွေမှာ ဆန္ဒလိုက်ပြနေကြပြီး ဒီလိုမျိုး ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ရာ ရန်ကုန်နဲ့ မန္တလေးက ပျံကျစျေးနှစ်ခုဟာ တရားဝင်စျေး မဟုတ်တာကြောင့် ဖယ်ရှားခံထားရတာလည်းဖြစ်ပါတယ်။
