၉.၁၂.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ဇာတ်သဘင်ပွဲစင်မြင့်ပေါ်မှာ သင်္ကန်းခြုံပြီး ဟာသအနေနဲ့ သရုပ်ပျက်စေတဲ့ ကပြဖျော်ဖြေတဲ့ဇာတ်အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချအရေးယူသွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ သဘင်လောကသားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ချက်က မှန်ပါတယ်။ အောက်က ပရိသတ်အနေနဲ့ လက်ခံလား၊ လက်ခံမလားတော့ မသိဘူးပေါ့နော်။ ဘုရား ဗုဒ္ဓဝင်ဇာတ်တော်ကြီးတွေကို က,ပြဖျော်ဖြေတာပဲဖြစ်ဖြစ်၊ အများဆုံးက သဘင်ကဆိုတော့ သူတို့ ကိုယ်တိုင်လည်း မသုံးသင့်ဘူး။ မလုပ်ထိုက်ဘူးဆိုတာကို သေချာစဉ်းစားသင့်တယ်။ မလုပ်သင့်တာကို ရှောင်သင့်တယ်။ ဘာသာရေးကြတော့ တခြားလူတစ်ယောက်ပြောထားထက် မိမိအသိစိတ်နဲ့မလုပ်သင့်ဘူးဆိုတာကို သေချာလေးကို သိရမှာပါ။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပါ။ ကိုယ်မဆင်ခြင်ရင်တော့ ခံရမှာပါ”လို့ လူရွှင်တော် ကြယ်သီးက MT Entertainment ကို ပြောပါတယ်။



အဆိုပါ Burma Entertainment Facebook Page က ဖော်ပြထားတဲ့ သင်္ကန်းခြုံပြီး ဟာသလုပ် က,ပြခဲ့ တဲ့ ဇာတ်အဖွဲ့ကို ဘာသာ၊ သာသနာ ညှိုးနွမ်းစေတဲ့ ပြုမူတင်ဆက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဒီ ဇာတ်အဖွဲရဲ့ အမည်၊ တည်ထောင်သူနဲ့ တည်နေရာတို့ကို သေချာစုံစမ်းလျက်ရှိပြီးတော့ သဘင့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီသူ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
