၉.၁၂.၂၀၂၅
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ကြီးရွယ်အိုဘိုးဘွားများအပါအဝင် ပြည်သူများကို ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားဖူးခရီးစဉ်သို့ သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။






ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ဒီဇင်ဘာ ၅ ရက်၊ ညနေပိုင်းက ထွက်ခွာခဲ့ပြီး သက်ကြီးဘိုးဘွားများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထု (၁၉၇) ဦး လိုက်ပါ ဖူးမြော်ခဲ့သည်။
ဘုရားဖူးလမ်းခရီး အဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နေထိုင်နိုင်စေရေး၊ အာဟာရများနှင့် ဝေယျာဝစ္စကိစ္စရပ်များ လစ်ဟင်းမှု မရှိစေရေး၊ စေတီတော်မြတ်ကြီးအား စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများစေနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။
